အိမ်တိုင်ရာရောက်ရေချိုးပေးခြင်း【စောင့်ရှောက်မှုအကူအညီပေးခြင်း/ကားမောင်းတတ်ဖို့မလိုအပ်ပါ】လတ်မှတ်မရှိလည်းလုပ်နိုင်တဲ့စောင့်ရှောက်ရေးအလုပ်/တနဂ်နွေပိတ်/ညဆိုင်းမရှိ

  • စောင့်ရှောက်မှုအကူအညီပေးခြင်း/ကားမောင်းတတ်ဖို့မလိုအပ်ပါ (介護職・運転無)
  • 正社員
  • 立川市

職種

စောင့်ရှောက်မှုအကူအညီပေးခြင်း/ကားမောင်းတတ်ဖို့မလိုအပ်ပါ (介護職・運転無)

雇用形態

正社員

勤務地

立川市

仕事内容

အရည်အချင်းပြည့်မီရန် ပံ့ပိုးကူညီမှု!!!

အလုပ်ဝင်ပီးပထမနှစ် :ဝန်ထမ်းသစ်သင်တန်းတက်ရောက်ခြင်းကိုအလုပ်အချိန်ဖြစ်သတ်မှတ်ပြီးသင်တန်းခကိုလည်းကုမ္ပဏီမှပေးဆောင်ပါမယ်။

အလုပ်ဝင်ပြီးဒုတိယနှစ် :အလုပ်နှင့်ဆိုင်သောသင်တန်းတက်ရောက်ခြင်းကိုအလုပ်အချိန်ဖြစ်သတ်မှတ်ပြီးသင်တန်းခကိုလည်းကုမ္ပဏီမှပေးဆောင်ပါမယ်။

အလုပ်ဝင်ပြီးတတိယနှစ်:ပြုစုစောင့်ရှောက်မှုဆိုင်ရာလူမှုဖူလုံ‌ရေးဆောင်ရွက်သူ(နိုင်ငံသားအရည်အချင်းစစ်)စာမေးပွဲကိုဝင်ဖြေနိုင်ပီး!အောင်မြင်တဲ့သူတွေကိုဂုဏ်ပြုငွေပေးပါမယ်။

အိမ်တိုင်ရာရောက်‌ရေချိုးပေးခြင်းဆိုတာအိပ်ရာထဲလဲနေတဲ့သူရယ်ခန္ဓာကိုယ်ချို့ယွင်းနေတဲ့သူအစရှိသဖြင့်ကိုယ့်ဘာသာရေချိုးခြင်းကိုမလုပ်ဆောင်နိုင်တဲ့သူတွေအတွက်ဝန်ဆောင်မှုဖြစ်ပါတယ်။

သီးသန့်ရေချိုးဇလုံကိုဧည့်သည်ဆီသွား‌ရောက်ကြည့်ရှုတဲ့ကားပေါ်တင်ပြီး၃ယောက်တဖွဲ့သွားရောက်ရေချိုးပေးခြင်းကိုလုပ်ဆောင်ပါမယ်။

ပြုစုစောင့်ရှောက်တဲ့သူကအဲ့နေ့ရဲ့ဧည့်သည်အဝတ်အစားလဲလှယ်ခြင်း၊ဒိုက်ဘာလဲပေးခြင်း၊‌‌ရေချိုးပေးတာကိုကူညီပေးခြင်းစတာတွေကိုလုပ်ဆောင်ရပါမယ်။

တခြားဝန်ထမ်းတွေရဲ့အကူအညီလည်းရတဲ့အလုပ်ဖြစ်တာကြောင့်စောင့်‌ရှောက်မှုအတွေ့အကြုံမရှိလည်းစိတ်ချစွာနဲ့အလုပ်လုပ်နိုင်တဲ့ပတ်ဝန်းကျင်ဖြစ်ပါတယ်။


○ လက်ရှိအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေရဲ့စကား○
◆ဒီအလုပ်ကိုလုပ်တာကောင်းတယ်လို့ထင်တယ်အကြောင်းအရာ
 ・ပြုစုစောင့်ရှောက်ရေးအသိပညာကိုရရှိတယ်
 ・ အသိအမှတ်ပြုလတ်မှတ်တွေကိုရယူနိုင်တယ်
 ・အတူတူအလုပ်လုပ်တဲ့လုပ်ဖော်ကိုင်ဖက်နဲ့တွေ့ရတယ်
 ・ပျော်ရွှင်တယ်လို့တွေးတဲ့အလုပ်နဲ့တွေ့ဆုံရတယ်
◆အလုပ်ကိုဆက်လက်လုပ်ကိုင်နေရတဲ့အကြောင်းပြချက်
 ・ ဧည့်သည်(ဧည့်သည်မိသားစု)အားပျော်ရွှင်စေနိုင်လို့
 ・ဧည့်သည်နဲ့စကားပြောရတာကကြိုက်လို့
 ・အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ကကောင်းမွန်လို့
◆အလုပ်ဝင်ပြီးနောက်ကွာဟချက်
 ・တွေးတင်ထားတာထက်ပိုပြီးခန္ဓာကိုယ်အားသုံးရပါတယ်

○ ၁ရက်စာအချိန်စာရင်း○
8:30   မနက်၈း၃၀မျာအလုပ်စဝင်ပါမယ်
8:45   ၈း၄၅မှာဧည့်သည်အိမ်ကိုသွားပါမယ်
8:55  ၈း၅၅မှာပထမဧည့်သည်အိမ်ကိုရောက်ရှိပါမယ်။
     ဧည့်သည်ရဲ့မိသားစုနဲ့တွေ့ဆုံပြီးနောက်ညင်ညင်သာသာနဲ့ပြုံးပြုံးရွှင်ရွှင်နဲ့ရေချိုးပေးပါ
9:40  ၉း၄၀မှာပထမအိမ်ပြီးပါမယ်
9:45  ၉း၄၅မှာဒုတိယဧည့်သည်အိမ်ကိုသွားပါမယ်
     နေ့ပိုင်းရိပ်သာကိုအသုံးပြုတဲ့ဧည့်သည်မို့လို့၂ပတ်ကြာမှတခေါက်ရေချိုးပေးရပါတယ်
10:30  ၁၀း၃၀မှာကျန်းမာ‌ရေးအခြေအနေအပြောင်းအလဲမရှိတဲ့အခြေအနေနဲ့ရေချိုးပေးခြင်းပြီးဆုံးပါတယ်
10:40  ၁၀း၄၀မှာတတိယမြောက်ဧည့်သည်ဆီရောက်ရှိပါမယ်
11:30 အိမ်ထောင်ဦးစီးနဲ့အချစ်တော်ခွေးလေးရဲ့စောင့်ကြည့်ခြင်းခံရပီးအေးအေး‌ဆေးဆေးနဲ့ရေချိုးပေးခြင်းပြီးဆုံးပါတယ်
11:30  ၁၁း၃၀မှာနေ့လည်စာစားပါတယ်
12:30   ၁၂း၃၀မှာစတုတ္ထမြောက်ဧည့်သည်အိမ်ကိုထွက်ခွာပါတယ်
12:45  ၁၂း၄၅မှာစတုတ္ထမြောက်ဧည့်သည်အိမ်ကိုရောက်ရှိပါတယ်
     အမျိုးသမီးနဲ့သမီးရယ်မြေးတွေလည်းအတူတူရှိနေပီး
13:30 ရယ်မောပျော်ရွှင်စွာမရှိဘဲ၁၃း၃၀မှာရေချိုးပီးပါတယ်
13:40  ၁၃း၄၀မှာပဉ္စမမြောက်ဧည့်သည်အိမ်ကိုရောက်ရှိပါတယ်။
     ဧည့်သည်ရဲ့အစားအသောက်ပျက်နေတယ်၊နေ့လည်စာလည်းမစားနိုင်ခဲ့ဘူးလို့ပြောကြား
    သူနာပြူကခန္ဓာကိုယ်အခြေအနေစစ်ဆေး
    အပူချိန်၊သွေးပေါင်ချိန်ပြသနာမရှိ၊သွေးဖိအားနဲနဲများ
14:20 ၁၄း၂၀ ရေမချိုးပေးတော့ဘဲ၊ခန္ဓာကိုယ်ကိုတာဝါနဲ့သုတ်ပေးပြီးပြီးဆုံးပါတယ်။
14:30  ၁၄း၃၀မှာဆဌမမြောက်ဧည့်သည်အိမ်ကိုရောက်ရှိ
    ၁ယောက်တည်းနေတဲ့ဧည့်သည်
    ၁ပါတ်၁ခေါက်‌ရေချိုးခြင်းကိုစောင့်စားနေတဲ့ဧည့်သည်ဖြစ်ပါတယ်
15:20 「နောက်တပတ်တွေ့မယ်လို့ပြောပြီး!」အပြုံးမျက်နှာနဲ့‌‌ရေချိုးပေးခြင်းပြီးဆုံးပါတယ်
15:30 ၁၅း၃၀မှာသတ္တမမြောက်ဧည့်သည်အိမ်ကိုရောက်ရှိပါတယ်
    တပါတ်၂ကြိမ်ရေချိုးပေးရတဲ့ဧည့်သည်
     အရင်တခေါက်‌ရေချိုးပေးတုန်းကအသားအရည်ခြောက်တယ်လို့ပြောတဲ့အတွက်
    သွားရောက်ကြည့်ရှူတဲ့အချိန်မေးကြည့်တဲ့အခါ၊ဧည့်သည်ကခရင်လိမ်းပြီးသက်သာလာတယ်လို့ပြောပါတယ်
16:30 ၁၆း၃၀မှာအစအဆုံးအပြုံးမျက်နှာနဲ့ရေချိုးပေးခြင်းပြီးဆုံးပါတယ်။
16:45  ၁၆း၄၅မှာ ကုမ္ပဏီကိုပြန်ပါမယ်
     ပစ္စည်းတွေသိမ်းဆည်းပြီး
    စတုတ္တမြောက်ဧည့်သည်အခြေအနေကိုစောင့်ရှောက်‌‌ရေးမန်နေဂျာကိုဖုန်းဆက်ပြီးတင်ပြ
    အလုပ်ရဲ့စာရွက်မှာလည်းရေးမှတ်ပြီးတခြားဝန်ထမ်းတွေကိုလည်းမျှဝေပါမယ်。
17:30  ၁၇း၃၀မှာအလုပ်ပြီးပါတယ်
    ပင်ပန်းသွားပါပီ

အလုပ်အမျိုးအစား
အမြဲတမ်းဝန်ထမ်း

求めている人材

 လတ်မှတ်မရှိအတွေ့အကြုံမရှိလည်းအိုကေ၊
◆ အသင်းအဖွဲ့ရဲ့တယောက်အနေနဲ့၊အသင်းအဖွဲ့အတွက်စွမ်းအားကိုပေးနိုင်တဲ့သူ
【အကျဥ်းချုပ်အနေနဲ့】
◎လူတွေနဲ့စကားပြောရတာကြိုက်ခြင်း
◎ဧည့်သည်ရဲ့အခက်အခဲတွေကို「အသင်း」လိုက်ဖြေရှင်းခြင်း
◎လူတွေရဲ့စကားကိုနားထောင်ပေးပြီးလက်ခံ၊ခံစားချက်တူညီစွာလှုပ်ရှားခြင်း
လို့ပြောခဲ့တဲ့အချက်တွေကအရေးကြီးတဲ့အလုပ်ဖြစ်ပါတယ်။

必要資格

အလုပ်လျှောက်ရန်လိုအပ်ချက်
အထူးကျွမ်းကျင်လုပ်သား(ပြုစုစောင့်ရှောက်ရေး)
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ N3အထက်

勤務時間

8:30~17:30၈း၃၀ကနေ၁၇း၃၀(တနေ့၈နာရီ)

ကားနဲ့သွားရတာဖြစ်လို့လမ်းပမ်းဆက်သွယ်ရေးအပေါ်မူတည်၍အနဲငယ်စောတာနောက်ကျတာရှိပါမယ်

၁နေ့ကို၇အိမ်အချိန်စာရင်းအပေါ်မူတည်၍၊များသောအားဖြင့်ပုံမှန်က၆အိမ်လောက်သွားရပါမယ်

勤務先

တိုကျိုမြို့တော်ဧရိယာ

電話番号

03-6222-1071  ဖုန်းလက်ခံဖြေကြားချိန် ၉း၀၀နာရီ၁၈း၀၀နာရီအတွင်း အဲ့အချိန်ကျော်ရင်ဖုန်းကောလ်စင်တာကလက်ခံဖြေကြားပါမည်  မေးခွန်းမေးတာတို့လည်းရပါတယ်။အင်တာနက်ကလည်းပဲ၂၄နာရီလျှောက်လွှာလက်ခံပါတယ်။

給与

月給255,000円~288,000円 လစာ၂၅သောင်း၅ထောင်ယန်းကနေ၂၈သောင်း၈ထောင်ယန်းအထိ
အစမ်းခန့်ကာလ(၃လ)
လစာတိုး၁နှစ်၁ခေါက်ရှိ(၇လပိုင်း)
ဘောနပ်စ်၁နှစ်၂ခေါက်ရှိ(၇လပိုင်း၁၂လပိုင်း/တခါထုတ်လစာ၂လစာ)

休日・休暇

ပိတ်ရက်၁ပါတ်၂ရက်(တနဂ်နွေနေ့ပုံမှန်ပိတ်)
ကျန်၁ရက်ကအချိန်ဇယားပေါ်မူတည်ပိတ်(၁လ၁ခါအချိန်ဇယားအတိုင်း)
၁နှစ်ပိတ်ရက်၁၁၂ရက်
ကိုယ်နားချင်တဲ့ရက်ယူလို့ရ
ရက်ဆက်ခွင့်ယူလို့ရ
ခွင့်ရက်
・လစာရခွင့်ရက်(အသုံးပြုခွင့်ရှိ)
・ကလေးမီးဖွားခွင့်၊မမွေးခင်နဲ့မွေးပီးနောက်ခွင့်(အသုံးပြုခွင့်ရှိ)
・ကလေးပြုစုစောင့်ရှောက်ခွင့်(မိန်းမယောကျာ်းအတူတကွအသုံးပြုခွင့်ရှိ)
・သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခွင့်(အသုံးပြုခွင့်ရှိ)
・ကလေးရဲ့သူနာပြုခွင့်(အသုံးပြုခွင့်ရှိ)
・အမျိုးမျိုးသောဂုဏ်ပြု၊ဝမ်းနဲကြောင်းပြတဲ့ခွင့်(ဥပမာမဂ်လာဆောင်တဲ့အခါသုံးရတဲ့ခွင့်၊မိသားစုဝင်သေဆုံးတဲ့အခါသုံးရတဲ့ခွင့်)

待遇・福利厚生

・ အလုပ်ပင်စင်နဲ့ကျန်းမာရေးအာမခံရှိ
・လမ်းစားရိတ်ထောက်ပံ့(အများဆုံး၁၀သောင်းအထိ)
・လစာတိုး၁နှစ်၁ခေါက်ရှိ
・ဘောနပ်စ်(၁နှစ်၂ခေါက်ရှိ၊၁ခါထုတ်လစာ၂လစာ)
・ယူနီဖောင်းရှိ
・အခမဲ့သင်တန်းတက်ရောက်ခွင့်ရှိ
 (ကုမ္ပဏီစဝင်ချိန်သင်တန်း၊OJT၊၁လ၁ခါပုံမှန်သင်တန်း၊အထူးပြုသင်တန်း၊အသိမှတ်ပြုလတ်မှတ်ရယူတဲ့သင်တန်း)
・နိုင်ငံအသိအမှတ်ပြုလတ်မှတ်အတွက်အထောက်အပံ့ရှိ
・ပြုစုစောင့်ရှောက်မှုဆိုင်ရာလူမှုဖူလုံ‌ရေးဆောင်ရွက်သူစာမေးပွဲကိုအောင်မြင်ရင်ဂုဏ်ပြုငွေရှိ
・စာမေးပွဲဖြေတဲ့စားရိတ်ထောက်ပံ့(ပြုစုစောင့်ရှောက်မှုဆိုင်ရာလူမှုဖူလုံ‌ရေးဆောင်ရွက်သူစာမေးပွဲ၊ပြုစုစောင့်ရှောက်ရေးအထူးပြုလုပ်သားစာမေးပွဲ)
・လတ်မှတ်ရဖို့ပံ့ပိုးပေးခြင်း(သင်တန်းတက်တာကိုအလုပ်အချိန်လို့သတ်မှတ်ခြင်း၊အကြိုစာမေးပွဲလုပ်ဆောင်ပေးခြင်း)
・ ဝန်ထမ်းမိတ်ဆက်ခ(အသိကိုမိတ်ဆက်ပေးပီးအလုပ်ဝင်တဲ့အခါ၊မိတ်ဆက်ပေးခတဦးလျှင်ယန်း၁၀သောင်းပေးပါမယ်)
・တုပ်ကွေးကာကွယ်ဆေးထိုးခပံ့ပိုးပေးခြင်း
・သတ်မှတ်ပြဌာန်းပင်စင်ဝင်ခွင့်ရှိ
・ဝန်ထမ်းရှယ်ယာထည့်လို့ရခြင်း
・ ပိုင်ဆိုင်မှုစုဆောင်းခြင်း
・ကာလရှည်ထိခိုက်ဒဏ်ရာရရှိမှူလျော်ကြေးစနစ်
・ အဖွဲ့အာမခံရှိ
・ကြိုတင်ငွေချေးစနစ်ရှိ
・အမျိုးမျိုးသောဂုဏ်ပြုငွေနဲ့ဝမ်းနဲကြောင်းကူငွေ
・အပန်းဖြေအဆောက်အအုံများ၊ဟိုတယ်၊အစားအသောက်၊ဖျော်ဖြေရေးအစရှိသဖြင့်မှာလျှော့စျေးနဲ့အသုံးပြုခွင့်ရှိ
・နေထိုင်တဲ့နေရာ၊နေအိမ်နဲ့ပက်သက်ပြီးအကျိုးခံစားခွင့်ရှိ
・ဟော့လိုင်းစနစ်ရှိ(အလုပ်နဲ့ပက်သက်ပြီးမကျေနပ်ချက်ရှိပါကတိုင်ပင်ဆွေးနွေးလို့ရတဲ့စနစ်ရှိ)
・အလုပ်သမားဆရာဝန်၊ကျန်းမာရေးတိုင်ပင်အကြံပေးခြင်း
・ကျန်းမာရေးနဲ့ဘဝတိုးတက်မဲ့ကယ်ရီယာနဲ့ပက်သက်ပီးဆွေးနွေးလို့ရတဲ့အဖွဲ့ရှိ
・အမြဲတမ်းဝန်ထမ်းအချိန်တိုလုပ်လို့ရတဲ့စနစ်(စည်းမျဥ်းရှိ)
・လေ့လာမှုနဲ့လူမှူကူညီမှုအတွက်အလုပ်နားတဲ့စနစ်
・ကိုယ်ဝန်ဆောင်ကျန်းမာရေးစစ်ဆေးခြင်းနဲ့ဆိုင်သောလစာရခွင့်
・ကလေးစောင့်‌‌ရှောက်ဖို့အချိန်တိုလုပ်တဲ့စနစ်(မူလတန်း၆နှစ်အထိသုံးလို့ရ)
・အချိန်တိုအမြဲတမ်းဝန်ထမ်းစနစ်(စည်းမျဥ်းရှိ)

選考方法

(အဆင့်၁)လျှောက်လွှာဖောင်ကနေတဆင့်အလုပ်လျှောက်ခြင်း

(အဆင့်၂)အင်တာဗျူးနိုင်တဲ့နေ့ကိုစစ်ဆေးပါ
အောက်ကလင့်ခ်ကနေအင်တာဗျုးနိုင်တဲ့နေ့ကိုဖြည့်သွင်းပါ
https://hr-monster.io/single/3c5012bd88965ccbc9b1433b6218f234/f9c4da7c-890a-4ba8-898b-d1c6f479139f

※လင့်ခ်ကမပွင့်တဲ့အခါအပေါ်ကလင့်ခ်ကိုကော်ပီယူပြီးအသုံးပြုတဲ့အင်တာနက်ဘရောက်ဇာမှာပေ့စ်လုပ်ပြီးသုံးပါ။


(အဆင့်၃)အင်တာဗျူးနေ့သတ်မှတ်ခြင်း
အင်တာဗျုးတာဝန်ခံကမေးလ်ဒါမှမဟုတ်ဖုန်းနဲ့ဆက်သွယ်ပြီးအင်တာဗျူးတဲ့နေ့ကိုညှိပေးပါမယ်။


(အဆင့်၄)အင်တာဗျူးခြင်း
အင်တာဗျူးကပုံမှန်ကအလုပ်နေရာမှာလုပ်ပါမယ်။
အိမ်ကနေzoomကိုအသုံးပြုပြီးအင်တာဗျူးလည်းလုပ်လို့ရပါတယ်။


(အဆင့်၅)အလုပ်ခန့်ခြင်း
※ရွေးချယ်တာကိုတတ်နိုင်သလောက်မြန်မြန်လုပ်ဆောင်ပါမယ်။
※အင်တာဗျူးရက်ကဗျူးချင်တဲ့ရက်ကိုထည့်သွင်းစဥ်းစားပေးမည်ဖြစ်လို့ဆွေးနွေးပေးပါ။
※အလုပ်ဝင်ချင်တဲ့ရက်နဲ့ပက်သက်၍ဝန်ထမ်းရဲ့ဆုံးဖြတ်ချက်ကိုဦးစားပေးပီးတိုင်ပင်ပီးနောက်မှာဆုံးဖြတ်ပါမယ်။

備考

စိန့််ကဲတိုကျိုရဲ့အသွင်အပြင်
①အားလုံးကအလုပ်ကွင်းဆင်းအတွေ့အကြုံရှိ
စတင်တည်ထောင်ကတည်းကလူမှုဖူလုံရေးလုပ်ငန်းကိုပဲလုပ်ကိုင်တဲ့စိန့်ကဲဂရု
စိန့်ကဲတိုကျိုရဲ့သူဌေး၊မန်နေဂျာတွေလည်းအားလုံးအလုပ်ကွင်းဆင်းအတွေ့အကြုံရှိ။ပြုစုစောင့်ရှောက်ရေး၊သူနာပြုစတဲ့လုပ်ငန်းအတွေ့အကြုံရှိလို့လုပ်ငန်းရဲ့ပင်ပမ်းခြင်း၊ပျော်ရွှင်ခြင်း၊လုပ်ရကျိုးနပ်ခြင်း၊အခက်အခဲတွေ့တဲ့အခါအတူတကွ
စဥ်းစား‌ပေးတဲ့ကုမ္ပဏီဖြစ်ပါတယ်။
②လတ်မှတ်ရဖို့ထောက်ပံ့ခြင်း
လတ်မှတ်မရှိ၊အတွေ့အကြုံမရှိလည်းဝမ်းပမ်းတသာနဲ့စိန့်ကဲတိုကျိုကလတ်မှတ်ရဖို့ထောက်ပံ့ပေးနေပါတယ်။
ဝန်ထမ်းသစ်သင်တန်း:သင်တန်းခအကုန်လုံးထောက်ပံ့၊အခြေအနေပေါ်မူတည်ပြီးအလုပ်ချိန်လို့သတ်မှတ်၊ဝန်ထမ်းကဘာမှမကုန်ကျဘဲသင်တန်းတက်လို့ရ
အလုပ်နှင့်ဆိုင်သောသင်တန်း:အခြေအနေပေါ်မူတည်ပြီးအလုပ်ချိန်လို့သတ်မှတ်၊ဝန်ထမ်းကဘာမှမကုန်ကျဘဲသင်တန်းတက်လို့ရ
လူမှူဖူလုံရေးစောင့်ရှောက်သူ:အရည်အချင်းစစ်စာမေးပွဲအတွက်သင်တန်း၊အစမ်းစာမေးပွဲလုပ်ပေး၊အောင်ရင်ဂုဏ်ပြုငွေရှိ
အထူးပြုစုစောင့်ရှောက်သူ(မန်နေဂျာ):စာမေးပွဲအတွက်သင်တန်း၊အစမ်းစာမေးပွဲလုပ်ပေး
③အလုပ်အမျိုးအစားအများအပြားရှိခြင်း
မြို့အတွင်း၃၅ခုမှာအမျိုးအစား၁၀ခုကလူမှူဖူလုံစောင့်ရှောက်ရေးလုပ်ငန်းကိုလုပ်ကိုင်နေပါတယ်။
ဘဝတိုးတက်မှုကယ်ရီယာအလုပ်ကိုပြောင်းပြီးအမျိုးမျိုးသောအတွေ့အကြုံကိုယူပီးဘဝကိုပိုတိုးတင်အောင်လုပ်နိုင်ပါတယ်!
ရိပ်သာအသစ်ဖွင့်တဲ့အခါအဖွင့်ဝန်ထမ်းအနေနဲ့စတင်ပီးမှပြောင်းလဲတာလည်းလုပ်နိုင်ပါတယ်!
④အလုပ်နဲ့ဘဝအညီအမျှဖြစ်ဖို့အာရုံစိုက်ခြင်း
အထက်တန်းအောင်၁၈နှစ်ကနေအသက်၈၀အထိအလုပ်လုပ်ကိုင်နေပါတယ်!
ဝန်ထမ်းတဦးချင်းစီနဲ့လိုက်ပီးလိုက်လျောညီထွေတဲ့အလုပ်လုပ်ပုံလည်းလုပ်နိုင်ပါတယ်။
ကလေးစောင့်‌ရှောက်အချိန်တိုအလုပ်လုပ်ခြင်းကကလေးမူလတန်း၆နှစ်အထိလုပ်လို့ရပါတယ်။
အမြဲတမ်းဝန်ထမ်းအချိန်တိုလုပ်နိုင်တဲ့စနစ်ရှိ
⑤အသိအမှတ်ပြုတဲ့အမှတ်အသား
【တိုကျိုအလုပ်လုပ်ရလွယ်တဲ့လူမှူဖူလုံရေးအလုပ်ခွင်】
တိုကျိုမြို့လူမှုဖူလုံရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုဦးစီးဌာနအသိအမှတ်ပြု
အလုပ်ခန့်အပ်မှု၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု၊အလုပ်တန်ဖိုးဖြတ်ခြင်းနဲ့ကုသမှု၊ဘဝနှင့်အလုပ်ထပ်တူကျမှု၊လုပ်ငန်းခွင်ပတ်ဝန်းကျင်နဲ့ရာသီဥတုတွေနဲ့သက်ဆိုင်တဲ့နယ်ပယ်၁၇ခုပါဝင်တဲ့လမ်းညွှန်ချက်တွေနဲ့သက်ဆိုင်တဲ့လုပ်ဆောင်မှု
အခြေအနေ၁၀၀%
【တိုကျိုပါးပါးကလေးပြုစုစောင့်‌ရှောက်ခွင့်မြှင့်တင်တဲ့ကုမ္ပဏီ】
တိုကျိုမြို့တော်အလုပ်သမားရေးရာဌာနအသိအမှတ်ပြု
ကလေးထိန်းခွင့်ယူသည့် အမျိုးသားဝန်ထမ်းများ၏ ရာခိုင်နှုန်းအချို့ကို အောင်မြင်စေရန်နှင့် အနာဂတ်တွင် ဆက်လက်လုပ်ဆောင်ရန် အားပေးခြင်းအတွက် ကြေးတံဆိပ်ချီးမြှင့်ခြင်းခံရတဲ့ကုမ္ပဏီဖြစ်ပါတယ်
【တိုမိုနင်းကုမ္ပဏီလိုဂိုအမှတ်အသား】
ကျန်းမာရေး၊အလုပ်သမားနဲ့လူမှုဖူလုံရေးဝန်ကြီးဌာနမှထောက်ခံချက်
အလုပ်နဲ့ပြုစုစောင့်ရှောက်မှုကိုတပြိုင်နက်တည်းလုပ်နိုင်တဲ့လုပ်ငန်းခွင်ပတ်၀န်းကျင်ထိန်းသိမ်းမှုမြှင့်တင်ရေးလှုပ်ရှားမှု

【စိန့်ကဲတိုကျိုကုမ္ပဏီနဲ့ပက်သက်၍】
Tokyo Stock Exchange Prime Market တွင် စာရင်းသွင်းထားသော Saint Care Holdings ၏ စီးပွားရေးကုမ္ပဏီတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် တိုကျိုတွင် ပြည့်စုံသော လူမှုဖူလုံရေး လုပ်ငန်းကို လုပ်ဆောင်နေပါသည်။
ဝန်ဆောင်မှုများ- လာရောက်ကြည့်ရှုစောင့်ရှောက်ခြင်း၊ ရေချိုးပေးခြင်း၊ အိမ်တွင် ပြုစုစောင့်ရှောက်ပေးခြင်း၊ သူနာပြုအလည်လာခြင်း၊ ပုံမှန်သွားရောက်ကြည့်ရှုခြင်းနှင့် လိုအပ်သလောက်သွားရောက်ကြည့်ရှုခြင်း ၊သူနာပြုများ၊ နေ့ဘက်စောင့်ရှောက်ခြင်း၊ အဖွဲ့လိုက်အိမ်သွားကြည့်ရှုခြင်းများ၊ အသေးစား ဘက်စုံသုံးအိမ်သွားစောင့်ရှောက်မှု၊ အသေးစား ဘက်စုံသုံးအိမ်သွား သူနာပြုစောင့်ရှောက်မှု၊ အခပေး ဘိုးဘွားရိပ်သာများ
【ကုမ္ပဏီသမိုင်း】
Saint Care Holdings Co., Ltd. ကို 1983 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။
Japan Welfare Service Co., Ltd. အဖြစ် တိုကျို၊ Taito Ward တွင် အိမ်တွင်းရေချိုးခြင်း ဝန်ဆောင်မှုကို စတင်ပေးခဲ့ပါသည်။ ထိုအချိန်မှစ၍ ကုမ္ပဏီသည် သုံးစွဲသူများ၏ လိုအပ်ချက်များစွာကို ပြည့်မီစေရန် ၎င်း၏ လုပ်ငန်းနယ်ပယ်နှင့် ဝန်ဆောင်မှုဆိုင်ရာ အကြောင်းအရာများကို တဖြည်းဖြည်း တိုးချဲ့ခဲ့သည်။
2006 ခုနှစ်တွင် ကုမ္ပဏီကို နယ်ပယ်အလိုက် သီးခြားကုမ္ပဏီများအဖြစ် လည်ပတ်ခဲ့ပြီး Saint Care Group တွင် ယခုအခါ ကုမ္ပဏီပေါင်း 31 ခုနှင့် နိုင်ငံတစ်ဝှမ်းရှိ နေရာပေါင်း 900 ခန့် ပါဝင်သည်။
အဖွဲ့တွင် အဓိကကုမ္ပဏီတစ်ခုအနေဖြင့် Saint Care Tokyo သည် ၎င်း၏ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။